မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာလူငယ် ၂ ဦး
ရေးသားခဲ့သည်။
မြန်မာနိုင်ငံကနေ ကမ္ဘာပတ်ဖို့ ဆိုင်ကယ်ခရီးနှင်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ယူကေကို ရောက်ရှိလာခဲ့ကြပါတယ်။ လတ်တလော ဆယ်စုနှစ်တွေအတွင်း မှာ မြန်မာပြည်ကနေ ဒီလိုဆိုင်ကယ်နဲ့ ကမ္ဘာပတ်တာက ပထမဆုံး ဖြစ်သလို သူတို့ ခရီးစဉ်အတွင်း ရောက်တဲ့ နေရာကနေ ဓာတ်ပုံ ဗီဒီယိုတွေ ကို ဖေ့စ်ဘုတ်ကနေ တင်လို့ လူစိတ်ဝင်စားမှုလည်း များခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူတို့ ဘယ်နိုင်ငံတွေကို ဖြတ်ပြီး ဘာတွေကြုံတွေ့ခဲ့ရပါသလဲ၊ ယူကေကို သူတို့ဘယ်လို ရောက်ခဲ့ကြလဲ။ မစိုးစိုးထွန်းက ပြောပြပါမယ်။