ဗလာဒီမီယာပူတင်က ယူကရိန်း လူမျိုးတွေ တည်ရှိနေမှုကို ဖျောက်ဖျက်ချင်တာပို ထင်ရှားလာတယ်လို့ဆို
ရေးသားခဲ့သည်။
သမ္မတ ဘိုင်ဒန်က အခုတွေ့ရတဲ့ သက်သေ အထောက်အထားတွေဟာ ရုရှားက ယူကရိန်းမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ သဘောကို ညွှန်ပြနေတယ်လို့ ပြောပါတယ်။
ဗလာဒီမီယာ ပူတင်အနေနဲ့ ယူကရိန်း လူမျိုးတွေ တည်ရှိနေမှုကို ဖျောက်ဖျက်ဖို့ ဆန္ဒရှိတယ် ဆိုတာ ပိုပိုပြီး ထင်ရှားလာတယ်လို့ သူက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို မှတ်တမ်းရယူဖို့ ကြိုးစားတဲ့ အဖွဲ့နဲ့ အတူ ဘီဘီစီ သတင်းထောက် မာ့ခ် လိုဝင် က ဘူချာနဲ့ ဘော်ရိုဒီယန်ကာ မြို့တို့ဆီကို သွားရောက်ခဲ့ပါတယ်။
ကိုမင်းထက်က ပြောပြပေးမှာပါ။
သူ့သတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါနိုင်တယ် ဆိုတာ ကြိုတင် အသိပေးပါရစေ။