ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပစ်ခတ်မှု၊ မီးရှို့ခံရမှုတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ

ဗီဒီယို ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပစ်ခတ်မှု၊ မီးရှို့ခံရမှုတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ
ရေးသားခဲ့သည်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေရာမှာ ဒီကနေ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ရွာတချို့ မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီဘက်မှာ ပစ်ခတ်မှုတွေ၊ မီးရှို့ခံရမှု တွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အပြည့်အစုံကို ကိုဟိန်းကိုစိုး ပြောပြမှာပါ။