မြန်မာ လေဆိပ်တွေ နိုင်ငံတကာ အဝင်အထွက် ပိတ်ပြီ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံ က ဘယ်လေဆိပ် မဆို နိုင်ငံ တကာခရီးသည်အဝင်အထွက်တွေကိုပိတ်တော့မယ်လို့ အစိုးရက ညွန်ကြားထားကြောင်းရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေတဲ့ YACL က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ ထုတ်ပြန်ချက်နဲ့အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မြန်မာနိုင်ငံက မည်သည့် လေဆိပ် မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ဆိုက်ရောက်ခွင့်ကို ရပ်ဆိုင်းသွားတော့မယ်လို့လည်း ထုတ်ပြန်ချက်မှာရေးပါတယ်။

အခုကြေညာချက် ဟာ မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃.၅၉ နာရီကနေစတင်ပြီး ဧပြီလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ၂၃.၅၉ နာရီအထိ အကျုံးဝင်သက်ရောက်သွားမယ်လို့ဆိုပါတယ်။

အထက်ပါဆိုင်းငံ့ချက်ဟာ ကုန်တင်လေယာဉ်တွေနဲ့ ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးလေယာဉ်တွေကိုတော့ အထူးခွင့်ပြုချက်နဲ့ ဝင်ရောက်တဲ့ လေယာဉ်တွေနဲ့ မဆိုင်ဘူးလို့လည်း ဆိုပါတယ်။

နောက် နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့် ကိုလည်း သံတမန်နဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ၊ လေယာဉ်မှူးနဲ့ သင်္ဘောအရာရှိတွေကလွဲပြီး ဧပြီလကုန်အထိ ရပ်ဆိုင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။

သံတမန်တွေ ပြည်ဝင်ခွင့်အတွက်လည်း ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်ကို အသိအမှတ်ပြု ဓာတ်ခွဲခန်းကနေ သုံးရက်ကြိုယူရမယ်လို့ ဆိုပါတယ်။

မြန်မာပြည် ရောက်ရင်လည်း နှစ်ပတ် နေအိမ်မှာ သီးသန့်နေထိုင် စောင့်ကြည့်မှုကို ယူရမယ်လို့ သိရပါတယ်။

ကူးစက်မြန်covid19 ကြောင့် ရောဂါကာကွယ်ရေးစီမံချက်အရ အခုလို ထုတ်ပြန်ရတာလို့လည်း ဆက်လက်ရေးသားထားပါတယ်။