ဒေါ်အောင်ဆန်းစုကြည်ကို ဗကသ တွေဆန္ဒပြ

ရေးသားခဲ့သည်။

ဇူလိုင် လ၂၀ ရက်နေ့ ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်လာရောက်စဉ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားအချို့ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသားများ အဖွဲ့ချုပ်)က အဖွဲ့ဝင်နှစ်ဆယ်ခန့်ဟာ တက္ကသိုလ် အတွင်းကနေ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ခံပုဂ္ဂိုလ်လာစဉ်ဆိုင်းဘုတ်တွေ ကိုင်ပီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကျောင်းသားတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပင်စိုက်မယ့်ပန်းခြံထဲသို့လိုက်ပါသွားရာမှာ ရဲတပ်ဖွဲ့မှလာရောက်တားဆီးခဲ့တာတွေလည်းဖြစ်ခဲ့ပါတယ်။

ဗကသကျောင်းသားတွေဟာ ကျောင်းသူတွေ မကြာခဏဆိုသလို လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ခံရတာ၊ဖိနှိပ်ထားတဲ့ အဆောင်စည်းကမ်းတွေနဲ့ ၊ မကြာသေးခင်က ဆဲဗင်း ဂျုလိုင်ချီတက်ပွဲကြောင့် တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါဝင်၊ မန္တလေးတိုင်း အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား တူးဝေယံ လွတ်မြောက်ရေးစတဲ့ အချက် ၄ ချက်ကို တောင်းဆိုကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံက ဆန္ဒပြတဲ့ အချက်တွေထဲက အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား လွတ်မြောက်ရေးနဲ့ပက်သက်ပြီး မတရားဖမ်းထားတာမှန်ရင် လွတ်မှာပေါ့လို့ ပြန်လည် ပြောဆိုသွားတယ်လို့ဆန္ဒပြကျောင်းသားတွေက ဘီဘီစီကိုပြောပါတယ် ။

ဆန္ဒပြကျောင်းသားတွေကို မြို့နယ်ထွေအုပ်က လာရောက်ပြီး သတိပေးခဲ့တာတွေရှိသလို ကျောင်းသားတွေက အတိုင်ပင်ခံ အပင်စိုက်မယ့် ပန်းခြံထဲ ထိ လိုက်သွားတဲ့အခါမှာ ရဲတပ်ဖွဲ့က သေနတ်တွေ ကိုင်ဆောင်တားမြစ်ကာ ဆန္ဒပြ စာတမ်းတွေကို ချန်ထားခဲ့ဖို့ လာရောက် တားဆီးတာတွေရှိတယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြော ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ကတိခံယူပွဲနဲ့တက္ကသိုလ်ရာပြည့်အမှတ်တရ ကံကော်ပင်စိုက်ပွဲသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။