H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ၃ ဦးသေဆုံးကြောင်း အစိုးရအတည်ပြု

ရေးသားခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ H1N1 ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုနှစ်အတွင်း ၃ ဦးသေဆုံးကြောင်း အတည်ပြု ပြောပါတယ်။

ဇွန်လအတွင်း သံသယလူနာ ၂၀ မှာ ၇ ဦးဟာ H1N1 ရောဂါပိုး တွေ့ ရပြီး အဲဒီထဲ က ၃ ဦးသေဆုံး တာဖြစ်တယ်လို့ လည်းပြောပါတယ်။

ကျန်၄ ဦး ကတော့ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံ နဲ့ ရန်ကုန် ဆေးရုံ ကြီးတို့မှာ ကုသမှုတွေ ခံနေတယ်လို့ လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်တိုင်းအတွင်းက ဖြစ်ပြီးတော့ အသက် ၇၅ နှစ်၊ ၂၉ နှစ် နဲ့ ၃၁ နှစ် တို့ဖြစ်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူတွေဟာ နှလုံးရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါနဲ့ တခြားကူးစက်ရောဂါတွေလည်း ခံစားနေရတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစိုးရဘက်က ကြိုတင်ပြင်ဆင်မှု လုပ်ထားပြီးတော့ အခုအခြေနေဟာ အထိတ်တလန့် ဖြစ်စရာ မရှိဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းသွားပါတယ်။

H1N1 ကြောင့် ၃ ဦးသေဆုံးသွားသူတွေဟာကော့မှူး၊ စမ်းချောင်းနှင့် ဒဂုံဆိပ်ကမ်းတို့က ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ၁၄ ရက် နေ့ကကော့မှူး က အမျိုးသမီးက အရင်ဆုံးသေဆုံးတာဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန မှာ လုပ်တဲ့ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ ၁၂ ဦးခန့်သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကပြောပါတယ်။