အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁၁ ဦး သေဆုံး

တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်

ဓာတ်ပုံ ရင်းမြစ်, အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွူးရံုး

ဓာတ်ပုံ ပုံစာ, တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်
ရေးသားခဲ့သည်။

နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးမှာ ကလေးမြို့ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စင်းဟာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီမှာ တိမ်းမှောက်ခဲ့လို့ သံဃာ ၄ ပါးအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိမ်းမှောက်မှုကြောင့် သံဃာ ၁ ပါး အပါအဝင် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

High class ခရီးသည်တင်ယာဉ်ဟာ ရန်ကုန်-ကလေး-ဟုမ္မလင်းကို ပြေးဆွဲနေတာဖြစ်ပြီး တိမ်းမှောက်စဉ် ယာဉ်ပေါ်မှာ ခရီးသည် ၄၂ ဦး လိုက်ပါလာခဲ့တာပါ။

တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်

ဓာတ်ပုံ ရင်းမြစ်, အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွူးရံုး

ဓာတ်ပုံ ပုံစာ, တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်

ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်း မိုင်တိုင်အမှတ် ၇၇ နားအရောက်မှာ နောက်ယာဘီးပေါက်ကာ လမ်းလယ်ကျွန်း အကာအရံတွေကို ဝင်ရောက်တိုက်မိခဲ့ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ် တစောင်းတိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်ရာနေရာမှာတော့ အုတ်သျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက သွားရောက် ကူညီမှုပေးနေပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့ယာဉ်နဲ့ မြို့ချောင်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။