ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်က စာအုပ်ဘူဖေး
ရေးသားခဲ့သည်။
ပစ္စည်းအစုံ နှစ်ကုန် အရောင်းပွဲတော်တွေ စည်ကားလေ့ရှိတဲ့ ဒီဇင်ဘာမှာ စာအုပ်တွေကို ဘူဖေးစားသလို စိတ်ကြိုက် ဝယ်ယူနိုင်တဲ့ နေရာလေးကတော့ စာကြမ်းပိုးတွေ အကြိုက်တွေ့ရာ နေရာလေးပါ။
ဒီနေရာမှာ လူကြီး လူငယ် ကလေး အရွယ် သုံးပါးလုံးကို တွေ့ရမှာပါ။ တိုးတိုးဝှေ့ဝှေ့နဲ့ စာအုပ်တွေကို ရာရ ဖွေရတာကလည်း ပျော်စရာ မြင်ကွင်းပါ။