ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန် ကုန်တိုက်ကြီးတွေထဲက ခရစ္စမတ်ဂီတ
ရေးသားခဲ့သည်။
ယေရှုခရစ်တော် မွေးဖွားတဲ့ ခရစ္စမတ်ကာလရဲ့ အမှတ်သင်္ကေတ တခုက Carol Singing လို့ ခေါ်တဲ့ ပွဲတော်ဂီတပါ။
မြန်မာပြည်မှာ သင်္ကြန်နီးရင် သင်္ကြန်သီချင်းတွေ အမြဲကြားရသလို ဒီဇင်ဘာအချိန်မှာတော့ နိုင်ငံအများအပြားမှာ ခရစ္စမတ်သီချင်းသံတွေ ကြားရလေ့ရှိပါတယ်။
အရင်တုန်းကဆိုရင် မြန်မာနိုင်ငံက ခရစ်ယာန်တွေဟာ သူတို့ ဘာသာဝင်တွေရဲ့ အိမ်တွေမှာ ညစဉ် လှည့်လည် သီချင်းဆိုကြလေ့ရှိတာပါ။
အခုတော့ ခရစ်စမတ် အပြင်အဆင် အထူး ဈေးရောင်းပွဲတွေနဲ့ အတူ ပွဲတော်ဂီတသံတွေဟာ လူအများရှေ့ ကုန်ပဒေသာတိုက်ကြီးတွေဆီ အထိ ရောက်ရှိလို့လာနေပါပြီ။