ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးစစ်သား ၆၇ ယောက်ကို ပြန်လွှတ်ပေး
မြန်မာ အစိုးရ စစ်တပ်က ကလေး စစ်သား ဦးရေ ၆၇ ယောက် ကို မနေ့ သောကြာနေ့က ပြန်လည် လွှတ် ပေးလိုက်တယ်လို့ ပြည်တွင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။
ဒါဟာ အခုနှစ် အတွင်း ပထမဆုံး အကြိမ် ကလေး စစ်သားတွေ၊ တပ်ထဲက ပြန်ထွက် လာနိုင်တာ ဖြစ်ပါတယ်။
၂ဝ၁၂ တုန်းက အဲဒီ အချိန်က မြန်မာ အစိုးရက ကုလသမဂ္ဂနဲ့ကြား သဘောတူ လက်မှတ် ရေးထိုး ခဲ့တဲ့ နောက် အခုလို ကလေး စစ်သား အဖြစ်က ပြန်လွတ်လာသူ အယောက် ၈၅ဝ ဝန်းကျင် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။
အရွယ် မရောက်သေးတဲ့ ကလေးတွေကို စစ်မှုထမ်း စေတာမျိုးကို လက်နက်ကိုင် အုပ်စု အသီးသီးက ဆယ်စုနှစ်ပေါင်း များစွာ ကျင့်သုံး ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်မှု တွေ ရှိပါတယ်။
အစိုးရ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေထဲ ကလေး စစ်သား ဦးရေ ဘယ်လောက် ရှိနေသေးလဲ ဆိုတဲ့ ကိန်းဂဏန်း အတိအကျ မသိရ ပါဘူး။