အလဲဗင်း မီဒီယာက သတင်းသမားတွေ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ တောင်းဆို

ရေးသားခဲ့သည်။
ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အဖမ်းခံထားရတဲ့ သတင်းသမား ၂ ယောက် ကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်း Amnesty International က တောင်းဆိုလိုက်ပါတယ်။
Eleven Media Group ကအလုပ် အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး ကို နို၀င်ဘာ ၁၁ရက်နေ့က အာဏာပိုင်တွေ က ဖမ်းဆီး အကျဉ်းချထားခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့သာ အခု စွဲဆိုထားချက်နဲ့ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သူတို့ ကို ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးနိုင်ပါတယ်။
လာမယ့် နို၀င်ဘာ လ ၂၅ ရက်ကျရင် သူတို့ကို တရားရုံး မှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။




