အယ်လ် ရှီဖာ ဆေးရုံမှာ အလောင်းတွေ ပုံနေ

ဗီဒီယို ပုံစာ, အယ်လ် ရှီဖာ ဆေးရုံမှာ အလောင်းတွေ ပုံနေ
အယ်လ် ရှီဖာ ဆေးရုံမှာ အလောင်းတွေ ပုံနေ
ရေးသားခဲ့သည်။

ဂါဇာဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အယ်လ် ရှီဖာ ဆေးရုံကြီးထဲမှာ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ ဆက်ပိတ်မိနေကြဆဲ ဖြစ်ပါတယ်။ ဆေးရုံထဲမှာရော၊ အပြင်ဘက်မှာပါ လူသေအလောင်းတွေ ပုံနေပြီး သင်္ချိုင်းကြီး တစ်ခုအလား ဖြစ်လာနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် အချိန်စောမွေးတဲ့ မွေးကင်းစကလေးတွေ၊ ကျောက်ကပ်လူနာတွေကို ဆေးမကုပေးနိုင် ဖြစ်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ နောက်ဆုံးအခြေအနေကို ဘီဘီစီသတင်းထောက် အိုလာ ဂယ်ရင် သတင်းပေးပို့ထားတာကို ကိုဘိုဘိုက ပြောပြမှာပါ။ သတင်းထဲမှာ စိတ်မချမ်းမြေ့စရာ ပုံတွေ ပါကြောင်းကို ကြိုတင်အသိပေးပါရစေ။