ရခိုင်မှာ သံတွဲအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေ

ရခိုင်မှာ သံတွဲအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသမှာ စစ်ကောင်စီ အခြေချဖို့ ကြိုးစားနေတဲ့ သံတွဲမြို့နယ်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး ဒေသခံတွေ နေရပ် စွန့်ခွာနေကြရတဲ့ အခြေအနေထိ ဖြစ်လာနေပါတယ်။ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ဖြတ်တောက်ခံထားရပြီး လေကြောင်းလိုင်းတစ်ခုတည်းကိုပဲ အသုံးပြုနေကြရပါတယ်။ ငပလီကမ်းခြေမှာဆိုရင်လည်း အခုနှစ် ပွင့်လင်းရာသီအတွင်း ဧည့်သည်လာရောက်မှု နည်းပါးသလို သင်္ကြန်ရက်တွေမှာတောင် ကမ်းခြေတစ်ခုလုံး ခြောက်ကပ်နေတယ်လို့ သိရပါတယ်။ အဲဒီက အခြေအနေကို မစန္ဒာဝင်းက ပြောပြမှာပါ။