ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြ
ရေးသားခဲ့သည်။

ဒီကနေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ထုတ်ဖော်ပြသဖို့နဲ့ သူ့ကို ချက်ချင်း လွှတ်ပေးဖို့ နိုင်ငံတကာ အစိုးရတွေကရော မိသားစုဝင်တွေနဲ့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေကပါ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စစ်တပ်က ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း မညိုလဲ့ရည်က ပြောပြမှာပါ။