ပင်လယ်နီ ဒေသကာကွယ်ရေး ၁၀ နိုင်ငံစုပေါင်းအဖွဲ့
ပင်လယ်နီ ဒေသကာကွယ်ရေး ၁၀ နိုင်ငံစုပေါင်းအဖွဲ့
ရေးသားခဲ့သည်။
ပင်လယ်နီထဲမှာ ယီမင် ဟူသီသူပုန်တွေက ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေမှုရန်ကနေ ကာကွယ်ဖို့ အတွက် နိုင်ငံဆယ်နိုင်ငံ ပါဝင်တဲ့ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းမယ်လို့ အမေရိကန် နိုင်ငံက ကြေညာပါတယ်။ အီရန်က ထောက်ပံ့မှုပေးထားတဲ့ ဟူသီ သူပုန်တွေကတော့ သူတို့ဟာ ဂါဇာထဲက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာဖြစ်တယ်လို့ ပြောကြားနေပါတယ်။ သင်္ဘော ကုမ္ပဏီကြီး Maersk ဘက်ကလည်း ပင်လယ်နီကို ဖြတ်သွားတဲ့ သူတို့ရဲ့ လမ်းကြောင်းကိုပြောင်းပြီး အာဖရိကတောင်ပိုင်းက good hope အငူ ဘက်ကနေ သွားမယ်လို့ ပြောကြားပါတယ်။ ဒါကြောင့် ကုန်စည်ပို့ဆောင်ရေးမှာ ကုန်ကျစားရိတ်တွေ တက်လာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် လန်ဒေးရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။



