ငလျင်ကြောင့် အပစ်ရပ်ကြေညာပေမဲ့ စစ်ကောင်စီ ချိုးဖောက်

ဗီဒီယို ပုံစာ, ငလျင်ကြောင့် အပစ်ရပ်ကြေညာပေမယ့် စစ်ကောင်စီ ချိုးဖောက်
ငလျင်ကြောင့် အပစ်ရပ်ကြေညာပေမဲ့ စစ်ကောင်စီ ချိုးဖောက်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှာ ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပစ်ရပ်ကြေညာထားပေမဲ့ စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေကြေဒဏ်ရာရခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့အတွက် အပစ်ရပ်ရေး ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေသာမက အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ကွင်တင် ဆမ်းမားဗီးလ်နဲ့ ကင်မရာ သတင်းထောက် လီး ဒူရန့်တို့က ငလျင်ကြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်းက တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ သွားရောက်ပြီး သတင်းပေးပို့ထားပါတယ်။