ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးမှာ စုဝေးမဲနှိုက်ပြီး စစ်မှုထမ်းခေါ်
မန္တလေးမှာ စုဝေးမဲနှိုက်ပြီး စစ်မှုထမ်းခေါ်
ရေးသားခဲ့သည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့ စစ်မှုထမ်း အပတ်စဥ် (၁၂) တပ်သား သစ်ခေါ်ယူမှုကို ပုံစံသစ်နဲ့ စတင် ပြုလုပ်လာပါတယ်။ စစ်မှုထမ်း မဲနှိုက်ရွေးချယ်မယ့် ရပ်ကွက်တွေမှာ စစ်သားတွေ ပါဝင်တဲ့အဖွဲ့တစ်ခုက လော်စပီကာတွေနဲ့ အရင်ဆုံး အသိပေးပြီး သတ် မှတ်တဲ့နေ့မှာ စစ်မှုထမ်း အသက်ကန့်သတ်ချက် အကျူံးဝင်သူအားလုံးကို ခေါ်ယူ မဲနှိုက်ရွေး ချယ်တဲ့စနစ်ပါ။ ဒီလို ပြောင်းလာတဲ့ အခြေအနေတွေကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။