ငွေကြေးခဝါချမှု တိုက်ဖျက်ရေး မြန်မာ အမည်ပျက်စာရင်း ဆက်ထည့်

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး မြန်မာ အမည်ပျက်စာရင်း ဆက်ထည့်
ရေးသားခဲ့သည်။

နိုင်ငံတကာငွေကြေးခဝါချမှု တိုက်ဖျက်‌ရေးစောင့်ကြည့်အဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှာပဲ ဆက်ထည့်ထားတယ်လို့ ဇွန်လ ၁၉ ရက်နေ့တုန်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်က အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာကစပြီး မြောက်ကိုရီးယား၊ အီရန်တို့နဲ့တန်းတူ အမည်ပျက်စာရင်း (Blacklist) မှာ ရှိနေခဲ့တာပါ။ အခုလို ဆက်ရှိနေတာဟာ မြန်မာ့လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ထပ်မံ ရင်ဆိုင်လာရနိုင်ပါသလဲ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကရော ဝင်လာနိုင်မှာပါလား။ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။