ငလျင်ဒေသတွေ အပါအဝင် စစ်သား စုဆောင်းမှုတွေ လုပ်နေ

ဗီဒီယို ပုံစာ, ငလျင်သင့် ဒေသတွေအပါအဝင် နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းမှုတွေပြန်လုပ်နေ
ငလျင်ဒေသတွေ အပါအဝင် စစ်သား စုဆောင်းမှုတွေ လုပ်နေ
ရေးသားခဲ့သည်။

လူပေါင်းလေးထောင်နီးပါး သေဆုံးခဲ့တဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်မှာပဲ ငလျင်သင့်ဒေသတွေအပါအဝင် နိုင်ငံတဝန်းမှာ စစ်မှုထမ်း ဥပဒေ အကြောင်းပြ အတင်းအကျပ် စစ်သားသစ် စုဆောင်းမှုတွေကို စစ်ကောင်စီက ပြန်လုပ်လာပါတယ်။ စစ်မှုထမ်း အပတ်စဥ် ၁၃ ရောက်လာချိန်မှာတော့ စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်က မြို့နယ်တချို့မှာပါ စစ်ကောင်စီက ရပ်ကွက်တွေထဲထိဝင်ပြီး လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ ဒီသတင်းကို ကိုသန့်ဇင်က ပြောပြမှာပါ။