ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA တပ်ဖွဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်ပြီလား
TNLA တပ်ဖွဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်ပြီလား
ရေးသားခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ် ဆိုတဲ့ ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အခု လက်တွေ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက် လာတော့မလား။ TNLA ဘက်က ဘယ်လို မူဝါဒ အခြေခံမျိုး ကိုင်စွဲပြီး ဆွေးနွေးမှာပါလဲ။ TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကို ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။