ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ

ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ထဲက ကျောက်နီမော် ရွာကို စစ်ကောင်စီက မနေ့က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄၀ ကျော် သေဆုံးပြီး လူ ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီမှာ နှစ်ဖက် တိုက်ပွဲတွေ မရှိဘဲနဲ့ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပေးမှာပါ။