ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အေအေထိန်းချုပ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အေအေထိန်းချုပ်
ရေးသားခဲ့သည်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့မောင်တောနဲ့ ဘူးသီးတောင်မြို့ နှစ်မြို့စလုံး အာရက္ခတပ်တော်ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်ပါတယ်။ မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဝင် ရာနဲ့ချီ ဖမ်းဆီးရမိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အေအေက ပြောပါတယ်။ ဒါ့အပြင် ရခိုင်တိုက်ပွဲတွေကို အဓိကကွပ်ကဲတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်းကိုလည်း ဒီကနေ့မှာ အေအေတပ်ဖွဲ့တွေ ရောက်ရှိသွားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြမှာပါ။