မြန်မာ-ထိုင်း နယ်စပ်က ဝ စခန်းတွေကို ထိုင်းဖယ်ခိုင်း

မြန်မာ-ထိုင်း နယ်စပ်က ဝ စခန်းတွေကို ထိုင်းဖယ်ခိုင်း
ရေးသားခဲ့သည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်က ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ တပ်စခန်း ၉ ခုကို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ထိုင်းစစ်တပ်က တောင်းဆိုထားတာကို မြန်မာအာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ ဝ တပ်ဖွဲ့ ပြောခွင့်ရသူက တုံ့ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ဖြစ်နေတဲ့ ဒီနယ်စပ် အငြင်းပွားမှု ပြဿနာက ဒီတစ်ကြိမ်မှာရော ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်ပါသလဲ။ မြန်မာအာဏာပိုင်တွေနဲ့ ထိုင်းအာဏာပိုင်တွေဘက်ကရော ဘယ်လိုတုံ့ပြန်ထားပါသလဲ။ အပြည့်အစုံကို မသူဇာလင်း က ပြောပြပေးသွားမှာပါ။