ဂါဇာထဲက အဲလ်ကတ်ဒ် ဆေးရုံအနီးဝန်းကျင်ပါ တိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

ဂါဇာစီးတီးထဲက လူနာ ၄၀၀ ကျော်တင်ထားပြီး လူ ၁၄၀၀၀ လောက် ခိုလှုံနေတဲ့ အဲလ်ကတ်ဒ် ဆေးရုံအနီးဝန်းကျင်မှာပါ တိုက်ခိုက်ခံလာရတယ်လို့ ဆိုပါတယ်။ အစ္စရေး စစ်တပ်က ပြောရေးဆိုခွင့် ရှိသူကတော့ အဲဒီ ဒေသထဲ ဗုံးကြဲတိုက်ခိုက်မှုတွေ အတွင်း ဟားမတ်စ်ရဲ့ အကြီးတန်း ခေါင်းဆောင် တယောက် အပါအဝင် အကြမ်းဖက်သမား ဒါဇင်များစွာ သေဆုံးသွားကြောင်း ပြောပါတယ်။ ဂါဇာတောင်ပိုင်းမှာတော့ အစ္စရေးရဲ့ ဂါဇာထဲ ကုန်တင်သွင်းမှုအပေါ် လပေါင်းများစွာ ပိတ်ပင် ကန့်သတ်ထားတာတွေကြောင့် စားနပ်ရိက္ခာ ရှာပါးမှုတွေနဲ့ ရင်ဆိုင်နေရသူ လူထောင်ပေါင်းများစွာက ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ကုန်လှောင်ရုံတွေကနေ ဂျုံနဲ့ တခြား အခြေခံ လူသုံးကုန်တွေ ဝင်လုသွားခဲ့ကြပါတယ်။ ဘီဘီစီရဲ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။