ရှမ်းပြည်နယ်မှာ စစ်ကောင်စီဗုံးကြဲ၊ လူ ၂၅ ဦးသေဆုံး
ရှမ်းပြည်နယ်မှာ စစ်ကောင်စီဗုံးကြဲ၊ လူ ၂၅ ဦးသေဆုံး
ရေးသားခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ မနေ့ညက ရှမ်းတောင် လအိတိုက်နယ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းကို မသီဒါနွယ် က ပြောပြမှာပါ။



