ကျောက်မဲ တိုက်ပွဲကြောင့် ၂၃ ယောက်ထက် မနည်း သေဆုံး
ကျောက်မဲ တိုက်ပွဲကြောင့် ၂၃ ယောက်ထက် မနည်း သေဆုံး
ရေးသားခဲ့သည်။
စစ်ကောင်စီနဲ့ တအာင်း တပ်မတော် TNLA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကျောက်မဲ မြို့နယ်မှာ ထိခိုက် သေဆုံးသူ ၂၃ ဦးအထိ ရှိနေပါပြီ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်သေဆုံးတာ ဖြစ်တယ်လို့လည်း လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ တခါ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အဲဒီက အခြေအနေတွေကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။



