ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ညောင်ဦးမြို့နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်
ညောင်ဦးမြို့နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်
ရေးသားခဲ့သည်။
ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ ပြည်တွင်းခရီးသွားတွေ မရှိသလောက်ဖြစ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က ပုဂံ-ညောင်ဦး- ငါ့သရောက်၊ ကျောက်ပန်းတောင်းတစ်ကြောလုံးကို ဇွန်လလယ်စလို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်စလုံး အကျအဆုံး များနေတယ်လို့ PDF တပ်ဖွဲ့တွေကပြောပါတယ်။ ဘာကြောင့် ပုဂံ-ညောင်ဦးဒေသဘက်ကို စစ်ကောင်စီတပ်က ဘာကြောင့် စစ်ကြောင်းထိုးနေတာပါလဲ။ မသီရိဇော်က ပြောပြပေးမှာပါ။