စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မြဝတီ တံတား ၂ မှာ ဆက်ရှိနေ
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မြဝတီ တံတား ၂ မှာ ဆက်ရှိနေ
ရေးသားခဲ့သည်။
မြဝတီက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ် KNLA နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ၂ရက်ကြား ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်မှာ သိမ်းယူနိုင်ခဲ့ကြပါတယ်။ ခလရ ၂၇၅က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ချစ်ကြည်ရေး တံတား အမှတ် ၂ နားမှာ ဆက်ရှိနေပြီး၊ တော်လှန်ရေး အဖွဲ့တွေ ဘက်က တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်တဲ့ အတွက် ဒေသခံတွေဟာ ထိုင်းနိုင်ငံ မဲဆောက် မြို့ဘက်ကို တိမ်းရှောင်နေကြရပါတယ်။ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ကြည့်ရှုဖို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်ဟာလည်း မဲဆောက်မြို့ကို ရောက်ရှိနေပါတယ်။ မြဝတီနဲ့ မဲဆောက်က အခြေအနေတွေကို ကိုဇေယျာက ပြောပြပေးမှာပါ။



