ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမြို့ထဲ အစ္စရေးတပ်တွေ ဝင်ရောက်သွား
ဂါဇာမြို့ထဲ အစ္စရေးတပ်တွေ ဝင်ရောက်သွား
ရေးသားခဲ့သည်။
အစ္စရေးစစ်တပ်က သူတို့တပ်ဖွဲ့တွေ ဂါဇာမြို့လယ်မှာ လှုပ်ရှားနေကြပြီလို့ ပြောပါတယ်။ ဟားမတ်စ်တို့ အခိုင်အမာ ထိန်းချုပ်ထားတဲ့ ဂါဇာမြို့ကို မြောက်ဘက်နဲ့ တောင်ဘက်ကနေ စီးနင်းဝင်ရောက်ခဲ့တာလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဂါဇာမှာ တိုက်ပွဲတွေ ဆိုင်းငံ့ထားဖို့ အစ္စရေးဝန်ကြီးချုပ်ကို ပြောထားတယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ယိုလန် နဲလ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။