ဂါဇာက ပြေးဖို့ စောင့်နေသူတွေနဲ့ မပြေးကြသူများ

ဂါဇာက ပြေးဖို့ စောင့်နေသူတွေနဲ့ မပြေးကြသူများ
ရေးသားခဲ့သည်။

နိုင်ငံတကာက ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဂါဇာထဲကို အကူအညီပေး ပစ္စည်းတွေ မြန်မြန် ပို့ပေးခွင့်ရဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပြီး အဲဒီ ရာဖာဖြတ်ကျော်စခန်းမှာလည်း ကယ်ဆယ်ရေးပစ္စည်းတွေ တင်ထားတဲ့ ကုန်ကား ရာပေါင်းများစွာလည်း စောင့်နေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးတော့ ဂါဇာမှာ ကပ်ဆိုက်နေတယ်လို့ ဆိုပါတယ်။ အဲဒီမှာသောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာ ၂၄ နာရီစာပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဖဲရပ်စ် ကီလာနီ အစ္စရေးတောင်ပိုင်း ဂါဇာနဲ့ ၁ ကီလိုမီတာကျော်လောက်သာ ဝေးတဲ့ ဆရော့ဒ်ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။