ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်ဝန်ကြီးချုပ်နေအိမ်အနီး ကားတိုက်မှုက အမျိုးသားကို ဖမ်းဆီး
ဗြိတိန်ဝန်ကြီးချုပ် နေအိမ်ရှိရာလမ်း ဝင်ပေါက်ဂိတ်ကို ကားတစ်စီးက ဝင်တိုက်မိပြီးနောက် အမျိုးသားတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကို ရာဇဝတ်မှုမြောက်တဲ့ ပျက်စီးမှု နဲ့ အန္တရာယ်ရှိအောင် ယာဥ်မောင်းနှင်မှု သံသယမှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲက ပြောပါတယ်။
ဒီဖြစ်စဥ်မှာ ထိခိုက်မှုတွေမရှိသလို စုံစမ်းစစ်ဆေးမှုတွေလည်း လတ်တလောလုပ်မနေဘူးလို့ ရဲက ဆက်ပြောပါတယ်။
ဒေါင်းနင်းလမ်းရှိရာကို ဝင်တဲ့ အဓိကလမ်းမကြီး ဝိုက်ဟောလမ်းကို ရဲက ပိတ်ထားလိုက်ပါတယ်။
ဒီဖြစ်ရပ်က ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မှာ ဖြစ်ခဲ့ပါတယ်။
ငွေရောင်ကားတစ်စီးကို ဒေါင်းနင်းလမ်းအဝင်ဂိတ် အပြင်ဘက်မှာ တွေ့မြင်ရပါတယ်။