ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၅၀၀၀ ကျော် ပိတ်မိနေ

ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၅၀၀၀ ကျော် ပိတ်မိနေ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံနယ်စပ်က ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူ အယောက် ၅၃၀၀ ကျော်ထိ ရှိနေသေးတယ်လို့ ပိတ်မိနေသူတွေနဲ့ အဆက်သွယ်ရရှိခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးခံရသူများကူညီရေး လူမှုအဖွဲ့အစည်းကွန်ရက် (CSNHTV) က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက်နှိမ်နှင်းနေတယ်လို့ မြန်မာစစ်တပ်က ပြောနေချိန်မှာ ဒီလူတွေဟာ အသစ်ထပ်ပြီးရောက်လာသူတွေလား၊ မနှစ်က နှိမ်နင်းချိန် ကျန်နေခဲ့သူတွေလား။ အဲဒီ လူတွေ ဘယ်နေရာတွေမှာ ရှိနေတာပါလဲ။ ဒီအပေါ် အဲဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်ကရော ဘယ်လိုတုံ့ပြန်ကြပါသလဲ။ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။