ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နခခ-၅ မြေအောက်အချုပ်ခန်းက အရပ်သားတွေကို AA ကယ်တင်
နခခ-၅ မြေအောက်အချုပ်ခန်းက အရပ်သားတွေကို AA ကယ်တင်
ရေးသားခဲ့သည်။
မောင်တောမြို့မှာ အာရက္ခတပ်တော် အေအေက နောက်ဆုံးသိမ်းပိုက်ခဲ့တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ရဲ့ မြေအောက်အချုပ်ခန်းထဲ စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားခဲ့တဲ့ အရပ်သား ၄၀ ဦးကျော်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလူတွေဟာ တိုက်ပွဲအစပိုင်းကာလတွေမှာ ဖမ်းဆီးခံရသူတွေဖြစ်ပြီး အဲဒီထဲက ဆယ်နဲ့ချီ သေဆုံးသွားပြီလို့လည်း သိရပါတယ်။ ဒီအကြောင်း မမေခင်က ပြောပြပေးပါမယ်။