ABSDF တပ်ဖွဲ့၀င်တချို့ တာ၀န်ရုပ်သိမ်းခံရ

ဗီဒီယို ပုံစာ, NCA အခမ်းအနား သွားတက်လို့ ABSDF ဒု ဥက္ကဋ္ဌ တာ၀န်ရုပ်သိမ်းခံရ
ABSDF တပ်ဖွဲ့၀င်တချို့ တာ၀န်ရုပ်သိမ်းခံရ
ရေးသားခဲ့သည်။

NCA ရှစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒု ဥက္ကဋ္ဌအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးကို အဖွဲ့က သူတို့ရဲ့ တာဝန်တွေကို ရုပ်သိမ်းခံရပါတယ်။

ABSDF ဟာ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ တာဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ABSDF မှာတော့ လက်ရှိတိုက်ပွဲတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်း၊ ကချင်ပါတဲ့ မြန်မာပြည်မြောက်ဘက်ပိုင်း၊ မြန်မာပြည်အလယ်ပိုင်းက မကွေး၊ အခြားတိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကရင်၊ ကရင်နီနဲ့၊ ချင်းစတဲ့ ဒေသ တွေမှာ အဲဒီကဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

အဲဒီအပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးစတဲ့ ဘက်ပေါင်း စုံ၊ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလို့ ရဲဘော်ဆန်နီက ပြောပါတယ်။

ABSDF

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း အပါအဝင် ၃ ဦးကို နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာတာဝန်တွေက ရပ်ဆိုင်း