စစ်တပ်ထဲမဝင်ချင်တဲ့ ထောင်နဲ့ချီတဲ့လူငယ်တွေ ထိုင်းကို တိမ်းရှောင်

ဗီဒီယို ပုံစာ, စစ်တပ်ထဲမဝင်ချင်တဲ့ ထောင်နဲ့ချီတဲ့လူငယ်တွေ ထိုင်းကို တိမ်းရှောင်
စစ်တပ်ထဲမဝင်ချင်တဲ့ ထောင်နဲ့ချီတဲ့လူငယ်တွေ ထိုင်းကို တိမ်းရှောင်
ရေးသားခဲ့သည်။

လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းခဲ့တဲ့ မြန်မာ စစ်တပ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ထိုင်းမြန်မာ နယ်စပ်က မြဝတီမြို့ကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ တခါ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုတွေ၊ လက်နက်ချမှုတွေ၊ တပ်ကို စွန့်ခွာ ထွက်ပြေးမှုတွေများပြား လာတာကြောင့် လူအင်အား ဆုံးရှုံးမှုတွေ များလာခဲ့ပြီးတဲ့နောက်မှာ စစ်တပ်ဟာ စစ်မှု မထမ်းမနေရ ဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာ ရှိတဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းက ထောင်နဲ့ချီတဲ့ လူငယ်တွေဟာ စစ်မှုမထမ်းချင်လို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတာတွေလည်း ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။