ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ဒေသခံတွေကို လိုက်လံဖမ်းဆီး
မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ဒေသခံတွေကို လိုက်လံဖမ်းဆီး
ရေးသားခဲ့သည်။
စစ်ကောင်စီ နယ်မြေစိုးမိုးမှု ရှိနေဆဲ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းထဲက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့အတွက် ဆိုပြီး ဒေသခံတွေကို လိုက်လံဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေပါတယ်။ စစ်ကောင်စီကတော့ ဒီလိုဖမ်းဆီးခေါ်ဆောင်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ တကယ့်မြေပြင်မှာ အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ မိသားစုဝင်တွေက ဘာပြောပါလဲ။ ဒီအခြေအနေတွေကို ကိုမောင် ပြောပြမှာပါ။