နပခစစ်ကူ စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

ဗီဒီယို ပုံစာ, နပခစစ်ကူ စစ်ကြောင်းကို AA နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်
နပခစစ်ကူ စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်
ရေးသားခဲ့သည်။

အမ်းမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရခိုင်ရိုးမတောင်ကြောထဲ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး အမ်း-ပဒါန်းလမ်းမှာရှိတဲ့ အနည်းဆုံးကျေးရွာသုံးရွာခန့်ကို တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း မသီဒါနွယ်က ပြောပြပေးပါမယ်။