ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပန်ဝါနဲ့ ကံပိုင်တည် ကို ကေအိုင်အေ ဝန်းရံ ပိတ်ဆို့ထား
ပန်ဝါနဲ့ ကံပိုင်တည် ကို ကေအိုင်အေ ဝန်းရံ ပိတ်ဆို့ထား
ရေးသားခဲ့သည်။
ပြည်သူ့စစ် ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော် မြို့တွေကို ကချင် လွတ်လပ်ရေး တပ် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်၊ အခုအခါမှာ ကချင် အထူးဒေသ ၁ ရဲ့ မြို့တော် ပန်ဝါ နားအထိ တိုက်ပွဲတွေ ရောက်ရှိလာပါတယ်။ တခါ နယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်တဲ့ ကံပိုင်တည် အနီးက စစ်ကောင်စီနဲ့ နယ်ခြားစောင့် တပ်တွေရဲ့ လုံခြုံရေး စခန်းတွေကို ကေအိုင်အေဘက်က သိမ်းယူထားပါတယ်။ အဲဒီက စစ်ရေး အခြေအနေကို မသီရိဇော်က ပြောပြမှာပါ။