ဂါဇာထဲကို အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေလုပ်
ဂါဇာထဲကို အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေလုပ်
ရေးသားခဲ့သည်။
ဂါဇာထဲမှာ ဟားမတ်စ်က ချုပ်ကိုင်ထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့ နောက်ပိုင်းက စပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူပေါင်း ၂၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီချက် ရနိုင်ဖို့ အတွက် ကာတာက အိမ်ရှင်အဖြစ် ဆွေးနွေးပွဲတွေ ကျင်းပနေကြစဉ်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဖြစ်နေခဲ့တာပါ။ အစ္စရေးကတော့ ဟားမတ်စ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အခြေခံ အဆောက်အအုံပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ ဂျေရုဆလင်က ပေးပို့ထားတဲ့ သတင်းကို ကို ကျော်ဇေယျက ပြောပြမှာပါ။



