ဂါဇာက ပါလက်စတိုင်း လခြမ်းနီအဖွဲ့ရဲ့ ကယ်ဆယ်မှုတွေ

ဗီဒီယို ပုံစာ, ဂါဇာဒေသက စစ်ဘေးသင့် ပြည်သူတွေရဲ့ အသက်ကို ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ကယ်ဆယ်ခဲ့
ဂါဇာက ပါလက်စတိုင်း လခြမ်းနီအဖွဲ့ရဲ့ ကယ်ဆယ်မှုတွေ
ရေးသားခဲ့သည်။

ဂါဇာဒေသမှာ အရပ်သားတွေ အရေးပေါ်ဖုန်းနံပတ် ခေါ်ပြီး အကူအညီတောင်းရင် အရင်ဆုံး တုံ့ပြန်ဖြေကြားမယ့်သူက ပါလက်စတိုင်း လခြမ်းနီအဖွဲ့ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ကုဖို့ပဲဖြစ်ဖြစ်၊ အလောင်းတွေ ကောက်ဖို့ပဲဖြစ်ဖြစ် သူတို့အဖွဲ့ဟာ လနဲ့ချီ စစ်ဒဏ်ကို ခံနေရတဲ့ စစ်ရှောင် ပြည်သူတွေအတွက် သိပ်ကို အရေးပါလှပါတယ်။ အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အထိခိုက်ဆုံး ဖြစ်ခဲ့တဲ့ ဂါဇာမြောက်ပိုင်းမှာ စစ်ပွဲ ပထမဆုံးလတုန်းက အသက်ပေါင်းများစွာ ကယ်ခဲ့တဲ ပါလက်စတိုင်း လခြမ်းနီအဖွဲ့အကြောင်း ဘီဘီစီ အာရဘီဘာသာဌာနက မှတ်တမ်းပြုစုထားပါတယ်။ မသီရိဇော်က ပြောပြမှာပါ။