ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုးမဘဏ် ဥက္ကဋ္ဌကို စစ်ကောင်စီ စစ်ဆေးနေ
ရိုးမဘဏ် ဥက္ကဋ္ဌကို စစ်ကောင်စီ စစ်ဆေးနေ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံရဲ့ အချမ်းသားဆုံးစာရင်းဝင် ရိုးမဘဏ်ဥက္ကဌ ဦးသိမ်းဝေကို စစ်ကောင်စီက နေပြည်တော်မှာ ထိန်းသိမ်းစစ်ဆေးနေတာ တစ်လကျော်ရှိနေပြီလို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ ရိုးမဘဏ်ဘက်ကတော့ သူတို့ရဲ့ ဥက္ကဋ္ဌဟာ နေပြည်တော်မှာ ရှိနေပြီး ဘဏ်စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ရိုးမဘဏ် ဥက္ကဋ္ဌ စစ်ဆေးခံနေရတယ် ဆိုတဲ့ သတင်းတွေကြောင့် ဘဏ်အသုံးပြုသူတွေ အကြားမှာ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ကိုမောင်က ပြောပြပေးမှာပါ။