ပြည်ပကို အလည်အပတ် ထွက်ခွာမယ့် လူငယ်တချို့ လေဆိပ်မှာ တားဆီးခံနေရ

ပြည်ပကို အလည်အပတ် ထွက်ခွာမယ့် လူငယ်တချို့ လေဆိပ်မှာ တားဆီးခံနေရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံ ပြည်ပကို အလည်အပတ်ခရီးသွားသူတွေအတွက် ထုတ်ပေးထားတဲ့ PV လို့ ခေါ်တဲ့ Passport For Visit နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတချို့ ပြည်ပထွက်ခွာခွင့်မရဘဲ လေဆိပ်ကနေ ပြန်လွှတ် ခံရတာတွေ ရှိနေပါတယ်။ အဲဒီလို ပြန်လွှတ်ခံရသူ အများစုဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားအမျိုးသမီး လူငယ်တွေ ဖြစ်ပြီး စာရွက်စာတမ်း အပြည့်အစုံ ပြနိုင်တဲ့ ကြားကနေ ပြန်လွှတ်ခံရတာလို့ ကာယကံရှင်တွေက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် PV နိုင်ငံကူးလက်မှတ်နဲ့ ပထမဆုံးအကြိမ် ပြည်ပထွက်ခွာမယ့်သူတွေဆိုရင်လည်း နိုင်ငံထဲ ပြန်လာပါ့မယ်ဆိုတာကို ထောက်ခံပေးမယ့်သူ ရှိမှသာ ပြည်ပ ထွက်ခွာလို့ရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လေဆိပ်မှာ လူငယ်တွေ ကြုံနေရတဲ့ အခြေအနေတွေကို ကိုမောင်က ပြောပြမှာပါ။