ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်ဦးလွင်ကနေ စစ်ရှောင်လာသူတွေများလို့ ကားလမ်းပြည့်
ပြင်ဦးလွင်ကနေ စစ်ရှောင်လာသူတွေများလို့ ကားလမ်းပြည့်
ရေးသားခဲ့သည်။
ပြင်ဦးလွင်မြို့ကို ရှမ်းမန်း စစ်ဆင်ရေး အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နိုင်တယ် ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံအများအပြားဟာ စစ်ဘေးရှောင်ဖို့ မြို့ကနေ ထွက်လာကြတဲ့ အတွက် ဒီကနေ့မှာ မန္တလေး ဘက်ကို ဆင်းတဲ့ ကားလမ်းမှာ မော်တော်ယာဉ်တွေ ပြည့်ကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တခါ မန္တလေး နဲ့ အနီးတစ်ဝိုက်မှာ စစ်ရေး အခြေအနေ ဘယ်လို ရှိနေပါသလဲ။ အပြည့်အစုံကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။