ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နောင်ချို စာသင်တိုက် လေကြောင်းတိုက်ခိုက်ခံရမှု ၁၀ ဦးထက်မနည်း သေဆုံး
နောင်ချို စာသင်တိုက် လေကြောင်းတိုက်ခိုက်ခံရမှု ၁၀ ဦးထက်မနည်း သေဆုံး
ရေးသားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့မှာရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက မနေ့က ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ရဟန်းသံဃာတွေနဲ့ လူတွေ အပါအဝင် စုစုပေါင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ နီးပါး ထိ ရှိခဲ့ပါတယ်။ နောက်ထပ် ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ဆက်ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုရင်မောင်က ပြောပြမှာပါ။