ကမ္ဘာကျော် ငပလီ ကမ်းခြေက ဟိုတယ်တွေ လက်နက်ကြီး ထိမှန်
ကမ္ဘာကျော် ငပလီ ကမ်းခြေက ဟိုတယ်တွေ လက်နက်ကြီး ထိမှန်
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီ တပ်တွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ငပလီကမ်းခြေမှာ ရှိတဲ့ ဟိုတယ်တွေကိုလည်း လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟိုတယ်ဇုန်နဲ့ တဆက်တည်းမှာရှိနေတဲ့ ဂေါ့ရွာမှာလည်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ ပိတ်မိနေပါတယ်။ အဲဒီက တိုက်ပွဲ အခြေအနေတွေကို ကိုမောင်က ပြောပြပေးမှာပါ။



