ရခိုင်တကျော့ပြန် စစ်ပွဲ တစ်နှစ်ပြည့်ချိန် တိုက်ပွဲ ဆက်လက်ပြင်းထန်

ရခိုင်တကျော့ပြန် စစ်ပွဲ တစ်နှစ်ပြည့်ချိန် တိုက်ပွဲ ဆက်လက်ပြင်းထန်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ တပ်တွေ အလုံးစုံ ချုပ်ငြိမ်း သွားဖို့ ဆက်လက် လုပ်ဆောင်မယ် ဆိုပြီး အာရက္ခ တပ်တော် အေအေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နဲ့ တဆက်တည်း နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဖြစ်ပေါ်လာတဲ့ ရခိုင်က တကျော့ပြန်စစ်ပွဲ တစ်နှစ်ပြည့်လာချိန်မှာ အေအေက မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို သိမ်းပိုက်ထား ပါတယ်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ နဲ့ တခြား ဒေသတွေ ဖြစ်တဲ့ အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မစန္ဒာဝင်းက ဆက်ပြီး ပြောပြပေးမှာပါ။