ဂါဇာတောင်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်

ဗီဒီယို ပုံစာ, ဂျာဘာလီယာ ဒုက္ခသည်စခန်းအပေါ် အစ္စရေး လေကြောင်းကနေ တိုက်ခိုက်ခဲ့
ဂါဇာတောင်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်
ရေးသားခဲ့သည်။

ဂါဇာဒေသ ဂျာဘာလီယာ ဒုက္ခသည်စခန်းအပေါ် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်ဆိုတာကို အစ္စရေး စစ်တပ်က အတည်ပြုပြောပါတယ်။ ဟားမတ်စ် ထိပ်တန်းတပ်မှူးတစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးအစိုးရက ဂါဇာဒေသမြောက်ပိုင်းက အရပ်သားတွေကို တောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပြီး ဟားမတ်စ်ဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် တမင် အသုံးချနေတယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။ အဲဒီက အခြေအနေကို ဘီဘီစီ နိုင်ငံတကာ သတင်းအယ်ဒီတာ ဂျယ်ရမီ ဘိုဝမ်န် သတင်းပေးပို့ထားတာကို ကိုဇေယျာက ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ ပါကြောင်းကို ကြိုတင် အသိပေးပါရစေ။