အမ်းမြို့ပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

ဗီဒီယို ပုံစာ, အမ်းမြို့ပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ
အမ်းမြို့ပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ
ရေးသားခဲ့သည်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက တောင်ကုတ်မြို့ကို အခုအခု ရက်ပိုင်းအတွင်းမှာပဲ အာရက္ခတပ်တော် အေအေဘက်က သိမ်းပိုက်လိုက်ပြီး အမ်းမြို့ နယ်ထဲက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီလို့ အေအေရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ‌ပြောလာပါတယ်။ အမ်းမြို့ပြင်ဘက်တွေမှာတော့ စစ်တပ်ဘက်ကို စစ်ကူလာတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအကြောင်းကို မညိုလဲ့ရည်က ပြောပြမှာပါ။