မင်းပြားမြို့ကို AA ထိန်းချုပ်
မင်းပြားမြို့ကို AA ထိန်းချုပ်
ရေးသားခဲ့သည်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်စစ်မျက်နှာမှာ တတိယမြို့အဖြစ် မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့မနက်ပိုင်းမှာ ထိန်းချုပ်လိုက်ပြီးဖြစ်ပြီး အဲဒီမှာ စစ်ကောင်စီရဲ့တပ်ရင်းတပ်ဖွဲ့တွေအားလုံး မရှိတဲ့အခြေအနေဖြစ်သွားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေ AAလက်ထဲ ကျရောက်လာနေသလို စစ်ကောင်စီရဲ့အစိုးရရုံးစိုက်ရာ မြို့တော် စစ်တွေကိုရော တိုက်ပွဲတွေရောက်လာဖို့ အခြေနေရှိနေပြီလား။ ဒီအကြောင်း မသီဒါနွယ်က ပြောပြပေးမှာပါ။



