ထရမ့်ရဲ့ အကောက်ခွန် မူဝါဒသစ်နဲ့ အိန္ဒိယ မျှော်လင့်ချက်

ဗီဒီယို ပုံစာ, ထရမ့်ရဲ့ အကောက်ခွန် မူဝါဒသစ်နဲ့ အိန္ဒိယ မျှော်လင့်ချက်
ထရမ့်ရဲ့ အကောက်ခွန် မူဝါဒသစ်နဲ့ အိန္ဒိယ မျှော်လင့်ချက်
ရေးသားခဲ့သည်။

ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်လာတဲ့ အခါမှာ သူ့ရဲ့ အကောက်ခွန် မူဝါဒတွေနဲ့ ပတ်သက်ပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းတွေဟာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ရွေးကောက်ခံ သမ္မတ ရဲ့ အခွန်တိုးကောက်မယ်ဆိုတဲ့ စကားတွေကြောင့် ကမ္ဘာ့ ကုန်သည်တွေ အကြား စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။ ဒါပေမဲ့ အိန္ဒိယက စက်မှုကုန်ထုတ် လုပ်ငန်းတွေကတော့ အကောင်းမြင်ထားကြပြီး အမေရိကန် လုပ်ငန်းရှင်တွေဟာ ကုန်သွယ်ရေး ရန်ဘက် တရုတ်ကို ကျော်လွှားပြီး အိန္ဒိယမှာ လာရောက်ရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့ တွေးထားကြပါတယ်။ ဘီဘီစီ သတင်းထောက် အာချာနာ ရှူကလာ ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။